Posts

Showing posts from January, 2025

နိမ့်ပါး ဉာဏ်ရည် ရှိသူ

Image
  နိမ့်ပါး ဉာဏ်ရည် ရှိသူ   သင်၏ စကား မှန်ကန်ငြားလည်း နိမ့်ပါး ဉာဏ်ရည် ရှိသူသည်ကား မယုံကြည်ဟန် ကန့်လန့်ခံကာ ပြန်ငြင်းဆန်လိမ့်။   ထိုအခါ သင်၏ အသိတရား မှန်စကားသည် မုသားဖြစ်ဟန် စွပ်စွဲခံရ၍ မြားလှံစူးသွား နှလုံးသားသို့ ခံစား နာကျင် ဝမ်းနည်းချင်လိမ့်။   ဪ စေတနာတရား လွန်ကဲများ၍ တစ်ပါးသူငါ ဆင်ပြေပါကြောင်း နှုတ်မှာ ပြောကြားလည်း တစ်ဖက်နားထဲ လွှဲမှားမြင်တတ်၏ စဉ်းစားကြည့်။   ထို့ ကြောင့် သင်၏အတွေး မြင့်မြတ်ရေးကို ယဉ်ကျေး နားလည် ကတိတည်တတ် ဉာဏ်ရည်ရှိသူသာ ပြောကြားပါလော့။   ‌ အေးရိပ်နောင် ၂၆/၁/၂၀၂၅  

လမ်းပျောက် လူငယ်

Image
  လမ်းပျောက် လူငယ်   ကိုယ့်မြို့ရွာမှ တိုင်းတစ်ပါးသို့ စွန့်စားလို့ ထွက်ခွာလာ တစ်ဦးလူငယ်ပါ။ စိတ်ထဲတော့ ရည်မှန်းတာ ချမ်းသာအောင် ကြိုးစားမယ်တဲ့။ တို့မြို့ရွာ ပြည်သူအကျိုး သယ်ပိုးမယ်တဲ့။   ကိုယ့်ဝါသနာ ဘဝလမ်းတဲ့ လျှောက်လှမ်းဖို့ စိတ်ကူးတယ် တိုင်းတစ်ပါးဝယ်။ ငွေကြေးက မပြည့်စုံဖွယ် အချိန်လုကွယ် အလုပ်လုပ်နေရတော့။ ဝါသနာတွေ မပေါက်မြောက်ဘဲ လမ်းပျောက်နေပေါ့။ ကိုယ်ပင်ပန်းကာ စိတ်ရှုပ်ထွေးလို့ အိမ်ပြန်ပြေးချင်ပေါ့။ ဪ တိုင်းတစ်ပါးမြေ ငါရောက်ခိုက် စိတ်မိုက်လို့ မနေသင့်ပါ တွေးရှုကြည့်ပါ။ တစ်နေ့မှာ ကိုယ့်မြို့ရွာ ငြိမ်းအေးကာ တိုးတက်ရေး။ တစ်နေ့မှာ ကိုယ့်ဝါသနာ အောင်မြင်ကာ ပေါက်မြောက်ရေး။ အခုခါ လူငယ်ဘဝမှာတဲ့ မလှပစရာ ကြုံတွေ့များစေတော့ စိတ်ပျက်ပြားကာ နောက်မဆုတ်ဘဲ အလုပ်ကြိုးစားသင့်လေး။   အေးရိပ်နောင် ၂၇/၁/၂၀၂၅  

လုပ်ချင်တာ လုပ်ခွင့်မရတဲ့ ဘဝ

Image
  လုပ်ချင်တာ လုပ်ခွင့်မရတဲ့ ဘဝ   ငါ ငယ်ရွယ်တုန်းက အရာရာကို ရွှင်ပြုံးလို့ အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့တယ်။   အခုတော့ စိတ်က လှုပ်ရှားချင်ပေမယ့် အမြင်တွေက မှုန်ဝါး အားအင်တွေ ကုန်ခမ်းကာ မကျန်းမာ လူသား ဖြစ်ခဲ့ပြီ။   ဝါသနာပါရာ လုပ်ငန်းကို မနားတမ်း အားသွန် ခွန်စိုက် ကြိုးစား လုပ်ကိုင်လိုက်ချင်‌ပေမယ့် အသက် ရှင်သန်ဖို့ အရေး ဘဝ ရပ်တည်ဖို့ အရေး အချိန်ပေးကာ ဝင်ငွေရှာနေရတော့ ဝါသနာတွေ အရာမထင်ဘဲ မြေပြင်ပေါ်မှာ စာရေးသလိုမျိုး အကျိုးမဲ့ ပျက်စီးခဲ့ရ။   လုပ်ချင်တာ လုပ်ခွင့် မရတဲ့ ဘဝ စားချင်တာ စားခွင့်မရတဲ့ ဘဝ ဖြစ်ချင်တာ ဖြစ်ခွင့် မရတဲ့ ဘဝဟာ ညအမှောင်ထုထဲမှာ တစ်ယောက်တည်း လမ်းလျှောက်သွားသူမျိုး အဖြစ်‌ဆိုးရချည်ရဲ့။   ဪ စိတ်ဓာတ်ကျနေလို့ ငါ့ ဘဝဟာ ပြောင်းလဲလာမှာ မဟုတ် လွှဲမှားတဲ့ အတွေးအမြင်တွေကို ဆင်ခြင်ကာ စွန့်ပယ်သွားပြီး ခါးသီးတဲ့ လောကဓံတရားတွေကို အားတင်းကာ ကျော်ဖြတ်သွားသင့်ပါရဲ့။   အမှန်တော့ အမြဲတမ်း စူးစမ်းချင်တဲ့ လူတစ်ယောက် ကြိုးစားနေတဲ့ လူတစ်ယောက်ဟာ တစ်နေ့မှာ အောင်မြင်ဖြစ်မြှောက်လာပြီး ထွန်းတေ...

ရင်နာစရာ နေ့ရက်များ

Image
  ရင်နာစရာ နေ့ရက်များ လှပနူးညံ့လွန်းတဲ့ ပန်းပွင့်ချပ်တွေဟာ ပျားပိတုန်းတွေ လှုပ်ခတ်လို့ တဖြုတ်ဖြုတ် ပျက်စီး ကြွေကျခဲ့ပြီ။   ငြိမ်းအေးလှပလွန်းတဲ့ တိုင်းပြည်ကြီးဟာ စစ်မီးတွေ ဖုံးလွှမ်းလို့ အိမ် လမ်းတွေ ပျက်ကျိုးလို့ အရိုးစု သင်္ချိုင်းကုန်းသို့ အမှောင်ထု ဖုံးလွှမ်းခဲ့ပြီ။     တချိန်က ပျော်စရာ မိသားစု အခုတော့ ဟိုဘေးဒီဘေးကြောင့် ဟိုပြေးဒီပြေးနဲ့ ဝေးကွာ ပြိုကွဲခဲ့ပြီ။   တစ်ချိန်က မိဘကို မှီခိုတဲ့ သားငယ် အခုကွယ် တနယ်တကျေးမှာ ဘေးဒုက္ခတွေ ရင်ဆိုင်ရင်း ကြီးပြင်းလာခဲ့ပြီ။   တချိန်က မြင်သူတကာ ရင်ကိုအေးစေတဲ့ ယဉ် ကျေးသိမ်မွေ့တဲ့ မိန်းကလေးမှာ စားဝတ်နေရေး အငတ်ဘေးကြောင့် ငွေပေးချေနိုင်တဲ့ ‌ယောကျ်ားယုတ်အောက်မှာ ဒူးထောက်ကာ အရှက်မဲ့ဘဝ ရောက်ခဲ့ရပြီ။   တချိန်က ပျော်ရွှင်စရာ ပွဲတော် အခုမျှော်ကြည့်ပါ နာကျည်းစွာ ဆဲဆိုသံ ပူဆွေးစွာ ငိုရှိုက်သံ အပြန်အလှန် တိုက်ခိုက်သံများနဲ့ လူသား အချင်းချင်း မညီမညာ မစာမနာ သတ်ဖြတ် ပွဲတော် ဖြစ်ခဲ့ပြီ။   ဪ အတ္တလူတို့ ရှိတဲ့ တိုင်းပြည်မှာ စစ်ဖြစ်နေတဲ့ တိုင်းပြည်မှာ ပန်း...

သူနှင့် ဝေးကတည်းက

Image
  သူနှင့် ဝေးကတည်းက   အလုပ်တွေ ပင်ပန်းလို့ အခန်းကျဉ်းလေးထဲမှာပဲ အေးဆေးလေး ကွေးအိပ်နားမယ် စဉ်းစား ဆုံးဖြတ်လိုက်ပေမယ့် နှစ်ခြိုက်စွာ အိပ်မပျော်ခဲ့။   ငါ့အသည်းနှလုံးတို့ သွေ့‌ခြောက် အစားအသောက် မူမမှန် အထီးကျန်ဘဝနှင့် စိတ္တဇညတွေ ဖြတ်သန်းခဲ့ရ။   ဒီကမ္ဘာ ဘယ်နိုင်ငံ ဘယ်ရန်တွေ ဖြစ်ပွား ဘယ်လူသား ဘယ်လိုဆိုးနေလဲ ငါ မသိနိုးတော့ပါ။   ငါ့ခန္ဓာ ငါ့စိတ်အား ရှုံးသမားလို အားပျော့ခန်း သူ့အပြုံးပန်း ဖွေးဖွေးလေး သူ့အနမ်းနှုတ်ခမ်း နွေးနွေးလေးကိုပဲ လွမ်းငေးလို့ မြင်မိခဲ့။   ဪ သူနှင့်သာ နောက်တစ်ခါ ပြန်ဆုံရရင်တော့ ဘဝတစ်ခုလုံး ပုံအပ်ထားလို့ လက်ထပ်ထိမ်းမြား လိုက်ချင်ပါရဲ့။   အေးရိပ်နောင် ၂၉၊ ၁၂ ၊ ၂၀၂၄      

မင်းပေးတဲ့ အချစ်ဆေး

Image
မင်းပေးတဲ့ အချစ်ဆေး အရက်မသောက်တတ်ပေမယ့် အရက်စပ်သူ ဖြစ်ခဲ့ပြီ။ စာရှည်ရှည် မဖတ်တတ်ပေမယ့် ကဗျာစပ်သူ ဖြစ်ခဲ့ပြီ။ စကား သိပ်မပြောတတ်ပေမယ့် စပ်စုသူ ဖြစ်ခဲ့ပြီ။ သံယောဇဉ် မချည်ရစ်ပတ်တတ်ပေမယ့် အချစ်ငတ်သူ ဖြစ်ခဲ့ပြီ။ သိလား သိလား ချစ်သူရေ ဒါတွေအားလုံးက မင်း‌ လေးပေးတဲ့ အချစ်ဆေးပေကား။ #အေးရိပ်နောင် ၂၈/၁၂/၂၀၂၄