လမ်းပျောက် လူငယ်

 


လမ်းပျောက် လူငယ်

 

ကိုယ့်မြို့ရွာမှ တိုင်းတစ်ပါးသို့

စွန့်စားလို့ ထွက်ခွာလာ

တစ်ဦးလူငယ်ပါ။

စိတ်ထဲတော့ ရည်မှန်းတာ

ချမ်းသာအောင် ကြိုးစားမယ်တဲ့။

တို့မြို့ရွာ ပြည်သူအကျိုး

သယ်ပိုးမယ်တဲ့။

 

ကိုယ့်ဝါသနာ ဘဝလမ်းတဲ့

လျှောက်လှမ်းဖို့ စိတ်ကူးတယ်

တိုင်းတစ်ပါးဝယ်။

ငွေကြေးက မပြည့်စုံဖွယ်

အချိန်လုကွယ် အလုပ်လုပ်နေရတော့။

ဝါသနာတွေ မပေါက်မြောက်ဘဲ

လမ်းပျောက်နေပေါ့။

ကိုယ်ပင်ပန်းကာ စိတ်ရှုပ်ထွေးလို့

အိမ်ပြန်ပြေးချင်ပေါ့။

ဪ တိုင်းတစ်ပါးမြေ ငါရောက်ခိုက်

စိတ်မိုက်လို့ မနေသင့်ပါ

တွေးရှုကြည့်ပါ။

တစ်နေ့မှာ ကိုယ့်မြို့ရွာ

ငြိမ်းအေးကာ တိုးတက်ရေး။

တစ်နေ့မှာ ကိုယ့်ဝါသနာ

အောင်မြင်ကာ ပေါက်မြောက်ရေး။

အခုခါ လူငယ်ဘဝမှာတဲ့

မလှပစရာ ကြုံတွေ့များစေတော့

စိတ်ပျက်ပြားကာ နောက်မဆုတ်ဘဲ

အလုပ်ကြိုးစားသင့်လေး။

 

အေးရိပ်နောင်

၂၇/၁/၂၀၂၅

 


Comments

Popular posts from this blog

မင်းပေးတဲ့ အချစ်ဆေး

ရင်နာစရာ နေ့ရက်များ

သူနှင့် ဝေးကတည်းက