သူနှင့် ဝေးကတည်းက

 


သူနှင့် ဝေးကတည်းက

 

အလုပ်တွေ ပင်ပန်းလို့

အခန်းကျဉ်းလေးထဲမှာပဲ

အေးဆေးလေး ကွေးအိပ်နားမယ်

စဉ်းစား ဆုံးဖြတ်လိုက်ပေမယ့်

နှစ်ခြိုက်စွာ အိပ်မပျော်ခဲ့။

 

ငါ့အသည်းနှလုံးတို့ သွေ့‌ခြောက်

အစားအသောက် မူမမှန်

အထီးကျန်ဘဝနှင့်

စိတ္တဇညတွေ ဖြတ်သန်းခဲ့ရ။

 

ဒီကမ္ဘာ ဘယ်နိုင်ငံ

ဘယ်ရန်တွေ ဖြစ်ပွား

ဘယ်လူသား ဘယ်လိုဆိုးနေလဲ

ငါ မသိနိုးတော့ပါ။

 

ငါ့ခန္ဓာ ငါ့စိတ်အား

ရှုံးသမားလို အားပျော့ခန်း

သူ့အပြုံးပန်း ဖွေးဖွေးလေး

သူ့အနမ်းနှုတ်ခမ်း နွေးနွေးလေးကိုပဲ

လွမ်းငေးလို့ မြင်မိခဲ့။

 

ဪ သူနှင့်သာ

နောက်တစ်ခါ ပြန်ဆုံရရင်တော့

ဘဝတစ်ခုလုံး ပုံအပ်ထားလို့

လက်ထပ်ထိမ်းမြား လိုက်ချင်ပါရဲ့။

 

အေးရိပ်နောင်

၂၉၊ ၁၂ ၊ ၂၀၂၄


 

 

 

Comments

Popular posts from this blog

မင်းပေးတဲ့ အချစ်ဆေး

ရင်နာစရာ နေ့ရက်များ