နိမ့်ပါး ဉာဏ်ရည် ရှိသူ


 

နိမ့်ပါး ဉာဏ်ရည် ရှိသူ

 

သင်၏ စကား မှန်ကန်ငြားလည်း

နိမ့်ပါး ဉာဏ်ရည် ရှိသူသည်ကား

မယုံကြည်ဟန် ကန့်လန့်ခံကာ

ပြန်ငြင်းဆန်လိမ့်။

 

ထိုအခါ သင်၏ အသိတရား

မှန်စကားသည် မုသားဖြစ်ဟန်

စွပ်စွဲခံရ၍ မြားလှံစူးသွား

နှလုံးသားသို့ ခံစား နာကျင်

ဝမ်းနည်းချင်လိမ့်။

 

ဪ စေတနာတရား လွန်ကဲများ၍

တစ်ပါးသူငါ ဆင်ပြေပါကြောင်း

နှုတ်မှာ ပြောကြားလည်း တစ်ဖက်နားထဲ

လွှဲမှားမြင်တတ်၏ စဉ်းစားကြည့်။

 

ထို့ ကြောင့် သင်၏အတွေး မြင့်မြတ်ရေးကို

ယဉ်ကျေး နားလည် ကတိတည်တတ်

ဉာဏ်ရည်ရှိသူသာ ပြောကြားပါလော့။

 

အေးရိပ်နောင်

၂၆/၁/၂၀၂၅

 


Comments

Popular posts from this blog

မင်းပေးတဲ့ အချစ်ဆေး

ရင်နာစရာ နေ့ရက်များ

သူနှင့် ဝေးကတည်းက