Posts

Showing posts from December, 2024

အချိန်မလွန်မီ

Image
ဟိုး‌ကောင်းကင် တိမ်ရောင်များ နေဝင်သွားလို့ မှေးမှိန်ပြီ။ ဟိုး‌ပင်လယ် တောတောင်များလည်း ဝိုးဝါး မှောင်သည်။ ငါ့ဘဝလည်း အမြဲ မတည် အချိန်မလွန်မီ တွေးကျင့်သင့်။ အသက်ရှင်ခါ ပျက်ချင်စရာတွေ ရှောင်ခွာရှားလို့ အမှန်တရားကို ပြုလုပ်သွားပါမှ ကြီးပွား လူမြင့်။ #အေးရိပ်နောင် ၂၉/၁၂/၂၀၂၄

ငြိမ်းအေးရာလမ်း

Image
သူ့အပြုံးကို ငါ မက်မော သူ့အပြောကို ငါကြားချင်။ ငါ့အာရုံ ငါ့နှလုံးသား သူ ဖမ်းစားထား ထင်။ ငါ့ဘဝ ငါ့ဝိညာဉ် သူပင်လျင် နှုတ်ယူတော့မလား။ မဖြတ်ရက်စရာ တပ်မက်ကာ မစွဲလန်းသင့်ပါဘူး အလွမ်းတွေ ရင်မှာ သိမ်းလို့ ငြိမ်းအေးရာ ဘဝလမ်းသို့ လျှောက်လှမ်းသင့်ကား။ #အေးရိပ်နောင် ၂၉/၁၂/၂၀၂၄

အဖော်မဲ့ ငှက်

Image
  အဖော်မဲ့ ငှက် ဒုက္ခပင်လယ် ငါကျရောက် စိတ်ကောက်လို့ သူစွန့်ခွာ။ ရင်တွင်းမှာ ပူပြင်းလျက် အိပ်ပျက်များတာ။ အဖော်မဲ့ငှက် ငါ့ကမ္ဘာ ပျော်စရာ ကင်းမဲ့။ အမြင်မသာ နာကျင်ကာ ရန်မပြုသင့်ပါဘူး အမှောင်ထုကို မြန်ဖြိုခွင်းလို့ အလင်းရှိရာ ပန်းခင်းလမ်းသို့ ပျံသန်းသင့်ရဲ့။ #အေးရိပ်နောင် ၂၇/၁၂/၂၀၂၄